|
၁။ |
ကားလေလံဆွဲမည်ဆိုပါက ကားတန်ဖိုးပေါ်မူတည်၍ အာမခံငွေ (Deposit)
(10) သိန်း မှ (20)သိန်း အတွင်း ပေးရပါမည်။
လေလံအောင်/မအောင်ကို Sale Department မှ အကြောင်းကြားရမည်။ |
|
၂။ |
လေလံ အောင်သောကားတန်ဖိုးကို ကာလပေါက်ဈေးအတိုင်း လေလံအောင်ပြီး
(2)ရက်အတွင်း ပေးသွင်းရပါမည်။ (2)ရက်ထက်ကျော်လွန်ပါက
နစ်နာကြေးပေးဆောင်ရမည်။ လေလံဆွဲပြီးအောင် မြင်ပါက
မိမိတို့၏စလစ်ကို မိမိတို့လက်ဝယ်တွင်ထားရှိ၍
ကားဆိပ်ကမ်းရောက်မှသာ စလစ်ကိုကုမဏီသို့ ပေးအပ်ရ ပါမည်။
ကားဈေးနှုန်း Service (၀န်ဆောင်ခ) ထိုသို့ပေးသွင်းရာတွင်
Service ကြေးမှ (10)သိန်းကိုချန်ထား နိုင်ပါသည်။ |
|
၃။ |
သင်္ဘောဆိပ်ကမ်းရောက်ပြီး (7)ရက်အတွင်း Custom Duty + စလစ် +
ကျန်ငွေ + က.ည.န ၀န်ဆောင်ခပေးသွင်းရမည်ဖြစ်သည်။
(7)ရက်ကျော်လွန်ပြီး အထက်ပါဝန်ဆောင်ခများနှင့် စလစ်ကိုလာ
ရောက်ပေးသွင်းခြင်းမရှိပါက ထိုကားနှင့်ပတ်သက်သော
နစ်နာကြေးအားပေးဆောင်ရပါမည်။ (2)ပတ်ကျော် သည်အထိ
လာရောက်ပေးသွင်းခြင်းပျက်ကွက်ပါက ကားနှင့်စရံငွေများ
ဆုံးရှုံးနိုင်ဖွယ်ရှိကြောင်းအသိပေး အပ်ပါသည်။ |
|
၎။ |
သင်္ဘောမရောက်မိတစ်ပတ်အလိုလောက်တွင် သင်္ဘောဝင်မည့်ခန့်မှန်းရက်ကို
ကုမဏီမှ Customer သို့ ကြိုတင်အကြောင်းကြားပါမည်။ အကယ်၍
အကြောင်းအမျိုးမျိုးကြောင့် ဆက်သွယ်၍မရခဲ့ပါက Customer
များအနေဖြင့်လည်း Best Auto Website ဖြစ်သော
www.bestautocarsale.net
တွင် ၀င်ရောက်ပြီး မိမိကားရောက်ရှိမည့်ခန့်မှန်းရက်ကို
ကြိုတင်သိရှိနိုင်ပါသည်။ |
|
၅။ |
ကုမဏီမှ လေလံဝန်ဆောင်ပေးသောကားကို
ဂျပန်နိုင်ငံမှဝယ်ယူခြင်းမှစ၍ က.ည.န (Owner Book) ထွက်သည်အထိ
ကုမဏီမှတာဝန်ယူဆောင်ရွက်ပေးပါသည်။ က.ည.န မှ
ငွေသွင်းမိန့်ကျသောအခါ ကျသင့်ငွေကို
ကုမဏီမှအကြောင်းကြားပေးပါမည်။ ကျသင့်ငွေပေးသွင်းရန်နောက်ကျပါက
ဝယ်သူ၏တာဝန် သာဖြစ်ပါသည်။ |
|
၆။ |
လူကြီးမင်းတို့ ဤကုမဏီမှ မှာယူတင်သွင်းပြီးသောကားသည်
လူကြီးမင်းတို့၏စိတ်ကြိုက် ကွန်ပျူတာမှတဆင့် ဂျပန်နိုင်ငံမှ
လေလံပွဲကို ကြည့်ရှုစစ်ဆေးပြီး ၀ယ်ယူနိုင်မည်ဖြစ်သည်။ ဤကုမဏီမှ
ဝန်ဆောင်ခနှင့် အခြားကုန်ကျစရိတ်ကိုသာယူထားခြင်းဖြစ်ပြီး
လူကြီးမင်းတို့ဝယ်ယူထားသောကားသည် Used (ဂျပန်နိုင်ငံတွင်
အသုံးပြုထားပြီးဖြစ်သော) ကားများဖြစ်သည်။ |
|
၇။ |
လူကြီးမင်းတို့ကားတွင်ရှိသော အားသာချက်၊ အားနည်းချက်များကို
သိရှိပြီးဖြစ်၍ ရောက်ရှိလာသော ကားကို အနည်းငယ်ထိခိုက်မှုရှိပါက
ဝယ်ယူသူမှလက်ခံပေးရမည်
ဖြစ်ပါသည်။ ကုမ္မဏီမှလည်း ထိခိုက်မှုများ
မရှိအောင် ကြိုးစားဆောင်ရွက်နေပါသည်။ အကယ်၍
မိမိကားပေါ်တွင်ပါရှိသော အခြားကားမှ အပိုပစ္စည်း များသည်
ဝယ်ယူသူနှင့် မည်သို့မျှသက်ဆိုင်ခြင်းမရှိပါ။ |
|
၈။ |
မိမိလေလံဆွဲဝယ်ယူုထားသောကားသည် မိမိပေးသောဈေးအောင်မြင်ပြီး
အကြောင်းအမျိုးမျိုးကြောင့် ဥပမာ - ဂျပန်နိုင်ငံတွင် Internet
Connection ပြတ်တောက်မှု၊ အချိန် ဇယားပြောင်းလဲမှု၊
သဘာဝဘေးအနရာယ်၊ ရေဒီယိုသတိကြွပစည်း
စသည့်အခြားမျှော်မှန်းမရသည့်အခြေအနေများ ကြောင့်
ဝယ်ယူခွင့်မရရှိပါက ၀ယ်ယူသူဘက်မှ အခြားကားတစ်စီးကို
စိတ်တိုင်းကျဝယ်ယူခွင့်ရှိသည်။
Negotiate Sold ဆိုသည်မှာ ဂျပန်နိုင်ငံရှိ လေလံတင်ရောင်းချသူမှ
လိုချင်သောဈေးမရရှိသဖြင့် ရောင်းချခြင်းမပြုသောကြောင့် Unsold
ဖြစ်သွားပါက ၀ယ်ယူသူများအား ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်
ညှိနှိုင်းရှင်းလင်းပြီး အမြင့်ဆုံးဈေးဖြင့်
ရောင်းချပေးခြင်းဖြစ်သည်။ ဥပမာပြရလျှင် တင်ဒါစနစ်နှင့်တူသည်။
သို့ ဖြစ်၍ Customer များ မိမိတို့အမြင့်ဆုံးပေးထားသော
ဈေးနှုန်းနှင့် ညှိနှိုင်းဝယ်ယူမည်ဖြစ်၍ ညှိနှိုင်းဝယ်ယူမှု
အောင်မြင်ပါက မိမိအမြင့်ဆုံးပေးထားသော ဈေးအတိုင်း
ကုမဏီသို့ပေးသွင်းရပါမည်။ (ကွန်ပျူတာတွင်
ဈေးနှုန်းမြင်ရသည်/မမြင်ရပါတို့နှင့် လုံးဝသက်ဆိုင်မှုမရှိစေရ။)
|